Författararkiv: ashinsumana

Om ashinsumana

မကွေးတိုင်း မြိုင်မြို့နယ် သပြေပင်ကျေးရွာ

သူငယ်ချင်းထံ ပေးစာများ (၁)

သူငယ်ချင်းရေ…..သပြေပင် ဆိုတဲ့ ကိုယ်တို့ ကျေးရွာလေးနဲ့ ဝေကွာခဲ့ရတာ နှစ်တွေ ကြာခဲ့ပြီးကွာ ။ အခြေနေမပေးလို့ တနယ်တကျေးမှာ ဝေးကွာနေရပေမယ့် သပြေပင်ဆိုတဲ့ ကိုယ်တို့ရွာကလေးနဲ့ မင်းတို့ တစ်တွေကို အမြဲထာဝရ ကိုယ်ကတော့ သတိရနေလျက်ပါ ကိုယ့်မိဘ ညီအစ်ကို မောင်နှစ်မများနဲ့ အဖိုးအဘွားဆွေမျိုးများ ကိုယ့်နယ်သူ ကိုယ့်နယ်သား အပေါင်းဖော် မိတ်သင်္ဂဟ တွေကိလည်း သတိရမြဲပါပဲ… သူငယ်ချင်းရေ…ကိုယ်တို့ ငယ်ငယ်ကလေးအရွယ်က လသာတဲ့ညတိုင်းမှာ အမေထွေး အိမ်ဝိုင်း အကျယ်ကြီးထဲမှာ အမေသိန်း (ဒေါ်လှသိန်း)အိမ်ဝိုင်းအကျယ်ကြီးထဲမှာ ကြက်ဥ၀ှတ်တမ်းး ၊ ထုပ်ဆီးတိုးတမ်း ၊ … Fortsätt läsa

Publicerat i Uncategorized | Lämna en kommentar

ရင်တွင်းဆန္ဒ

ကျနော့်ရွာက “သပြေပင်“။ သပြေပင်ရွာဆိုတာ မကွေးတိုင်း မြိုင်မြို့နယ်ရဲ့ မြောက်ဖျားက ဘန့်ဘိုးအုပ်စု အတွင်းက ရွာလေးတစ်ရွာပါ ။ ရွာကလေးဆိုမှ တကယ့်ကို ရွာငယ်ကလေးပါ ကျနော့်တို့ သပြေပင်ရွာကလေးရဲ့ လေးမျက်နှာဘေးပတ်ဝန်းကျင်မှာတော့ ရွာကြီးတွေ ချည်းပါပဲ အဲဒီရွာကြီးတွေထဲက ကျနော်တို့ရဲ့ အရှေ့မြောက်ဘက်၊ ဓါးလွယ်ခုတ်အနေအထားမှာရှိတဲ့ “ဇီးပဏီ“ဆိုတဲ့ ရွာမှာတော့ ကျနော်နဲ့ ခင်မင်တဲ့ သူငယ်ချင်း အပေါင်းသင်းတွေ တော်တော်လေးများတယ် လူပျိုပေါက်စန အရွယ်ဆိုတော့ သူငယ်ချင်းတွေရှိတဲ့ ရွာကို ခဏခဏ သွားလည်ဖြစ်သလို မကြာခဏဆိုသလို လာလည်လေ့ရှိကြပါတယ် အဲသလို သူတို့တစ်တွေ ကျနော်တို့အိမ်ကိုလာလည်တဲ့အခါတိုင်း … Fortsätt läsa

Publicerat i Uncategorized | Lämna en kommentar

မျှော်ရပါကြောင်း မေမေ ယမားချောင်း

နိုင်ငံတော် အစိုးရမှ အများပြည်သူ အကျိုးများရန်ဆိုသောရည်ရွယ် ချက်ဖြင့် ကျနော်တို့ မြန်မာနိုင်ငံတွင် တည်ရှိနေသော မြစ်တွေထဲက ဧရာဝတီ ဆိုသော မြစ်ကြီး ကို အထက်မြစ်ဆုံကနေ တရုတ်နိုင်ငံမှ ရောကာ တာ ပြုလုပ်ရန်ဆိုသော စီမံကိန်းကြီး အကောင်ထည်မပေါ်ပဲ စီမံကိန်းကြီး ဖျက်သိမ်းသွားပါပြီ။ “၀မ်းသာစရာပေါ့“ ဒါဟာ အကျိုးတရားထက် အဆိုးတရား ဖြစ်မယ့် ဆုံးရှုံးမှုတွေပိုများလိမ့်မယ်ဆိုတဲ့ မြန်မာနိုင်ငံမှ အသိပညာ အတက်ပညာရှင်တွေရဲ့ သုံးသပ်ချက်ရရှိမှုကြောင့်လို့ပဲ ထင်ပါတယ်။ ခုလိုမျိုး အဖက်ဖက်မှ ပညာရှင်များရဲ့ အကျိုးတရားတွေဟာ သူတို့ပြောသလို ကျနော်တို့နိုင်ငံအတွက် အသက်သွေးကြောသဖွယ် … Fortsätt läsa

Publicerat i Uncategorized | Lämna en kommentar

ဘ၀နဲ့ ဇာတ်လမ်းတစ်ပုဒ်

နွေညမို့ပူအိုက်အိုက်ရှိလှသည် သပြေပင်ရွာကလေးတရွာလုံးတိတ်ဆိငြိမ်သက်နေသည် နေ့ခင်းမှာတနေကုန် တနေခန်းပင်ပမ်းဆင်းရဲစွာလုပ်ကိုင်ခဲ့ကြရသမျှညပိုင်းမှာစောစောစီးစီးအိပ်ယာဝင်ကာပင်းပမ်းမှုဒဏ်ကို ဖြေဖျောက်ကြရသည်။ ကျော်ခင် တယောက်တစ်ရေးနိုးလာရ်ျ အိပ်နောက်ဖေးမှာပေါ့ပေါက်သည် ညနေကသောက်လက်စ ဖတ်ဆေးတိုကိုယူပြီးမီးညှိဖွာရင်း အိမ်ရှေ့တမာပင်ခြေရင်းမှာထိုင်ကာ အတွေးနယ်ချဲ့နေမိသည် ပထမဦးဆုံးမန္တလေးမှာနေသောသားနှင့်သမီးကို သတိရမိသည်။ တကယ်တော့မိတဆိုးဖြစ်နေကြရှာတဲ့ သားနဲ့သမီးကို ကိုယ့်မျက်စိကွယ်ရာ မြို့ကြီးပြကြီးကိုမထားချင်ပါ တဖက်ကတွေးမိပြန်တော့လည်း ကိုယ့်တောမှာနေပူစက်ခါး အလုပ် လုပ်ရတာနှင့်စာလျှင်မြို့မှာက ကလေးတွေပင်ပင်ပမ်းပမ်းမလုပ်ရ ၊ သူတို့လိမ္မာသလိုသူတို့ဘ၀တိုးတက်ဖို့ရာအခွင့်လမ်းရှိသည် သားနဲ့သမီးကို ကိုယ့်လိုပဲနေ့စဉ်နှင့်အမျှပင်ပမ်းဆင်းရဲကြီးစွာလုပ်ကိုင်စားသောက်နေရသည့်ဘ၀ဖြင့် မကြည့်လို မမြင်ရက် ဒီအတွက်ကြောင့်ဘဲမြို့ကိုပို့ရခြင်းဖြစ်သည်။ တဆက်တည်းမှာပဲသွားလေသူ မအေးမြင့်နှင့်သူတို့ရဲ့ဘ၀စခဲ့ကြပုံတွေလည်း တစီတတန်းကြီးမြင်ယောင်မိပြန်သည်။ ကျော်ခင်နဲ့အေးမြင့်ဆိုတာ တရွာထဲနေတရေထဲသောက်ပြီးကြီးပြင်းခဲ့ကြရတဲ့ငယ်လင်ငယ်မယားတွေပေါ့ အချိန်တန်အရွယ်ရောက်ကြတော့ လူငယ်ဘ၀ မေတ္တာစွပ်ဖတ်ချစ်သက်ဝင်လာကြသည် ဒီတုန်းက ချစ်စိတ်ကမှိုင်းတိုက်လို့ရူးရူးမိုက်မိုက်နဲ့ … Fortsätt läsa

Publicerat i Uncategorized | Lämna en kommentar

ကျွန်နော်မျှော်မှန်း ကောင်းရာလမ်း

ကျေးလက်အညာက ကျနော်တို့’’ သပြေပင်’’ ဆိုတဲ့ ရွာကလေးကနေ မန္တလေးမြို့ကြီးကို ကျနော်ရောက်နေတာ ဆယ်စုနှစ် တခုကျော်ခဲ့ပါပြီ ဒီကြားမှာတော့ ရွာမှာဘုရားပွဲရှိတဲ့လကိုတော့ဖြင့်တနှစ် တခေါက်တော့ ရောက်အောင်ပြန်ဖြစ်ပါတယ် ကျနော်တို့ရွာမှာတော့ ဘုရားပွဲဆိုတာ တစ်နှစ်မှတခါဘဲ လုပ်ကြတယ်လေ အဲဒီရက်ကိုတော့ဖြင့် ကျနော်လို့ ရွာနဲ့ခွဲခွါပြီး အနယ်နယ် အရပ်ရပ်မှာ အကြောင်း မျိုးမျိုးနဲ့ ရောက်ရှိနေကြသူတိုင်းဟာလည်း အဲဒီဘုရားပွဲရက်ကလေးကိုတော့ဖြင့် ဇာတိချက်ကြွေ ကိုယ့်မွေးရပ်မြေလေးဖြစ်တဲ့ သပြေပင်ဆိုတဲ့ ရွာကလေးကိုတော့ ပြန်လာတက်ကြစမြဲပေါ့…. သပြေပင်ဆိုတဲ့ ကျနော်တို့ရွာကလေးဟာ ကျနော်တို့ငယ်ငယ်တုန်းက အိမ်ခြေသုံးဆယ်ကျော်ကျော် သာရှိပါတယ် နီးနားပတ်ဝန်းကျင်မှာကျနော်တို့သပြေပင်ရွာကလေးဟာ အသေးငယ်ဆုံးရွာကလေး တစ်ရွာပေါ့ ရွာကလေးက … Fortsätt läsa

Publicerat i Uncategorized | Lämna en kommentar

ကျနော်တို့သပြေပင်ကျေးရွာမှ ဟာသလေးတစ်ပုဒ်ဖြစ်ပါသည်….

ဒီဟာသဇာတ်လမ်းကနဦးအစခန်းလေးကတော့ဖြင့် ကျနော်တို့ရွာလေးအရပ်ဇာတ်ဖြစ်မြောက်ရန်အတွက်ဖြစ် ပါသည်…ဒီဇာတ်လမ်းမှာ ကျနော်တို့သပြေပင်သူ သပြေပင်သားတွေအားလုံးပါ ပါတယ် မထမခန်းရပ်မှာတော့ နှစ်စဉ်နှစ်တိုင်းဖြစ်နေကျဘုရားပွဲအတွက် ဒီနှစ်မှာတော့ဖြင့် အထူးသဖြင့်အရပ်ဇာတ်ဖြစ်မြောက်ရေးအတွက် စည်းဝေးပွဲလုပ်ပါမယ် ဒီစည်းဝေးပွဲမှာ အသံချဲ့စက်ပါတယ်… …အားဟားဟား…………..၀ါးဟားဟားဟား……………..ဟားဟား (ချက်လှဲလာဂျီဟေ့)ကလေးတွေက ကုလားသီချင်းသံကြားရလို့ စက်လှည်းလာပြီဆိုပြီး ဖိနပ်မစီး ဦးထုပ်မပါ တောင်တံခါးအတိုင်းသူ့ထက်ငါ အလုအယက်ပြေးနေကြသည်။ တဖြေးဖြေးနှင့်က်လှည်းက ရွာတံခါးပေါက် ရောက်လာသည် ရွာထဲရောက်သည်အထိ ဒီကုလားသီချင်း(ရီ)ရယ်တဲ့နေရာကိုဘဲ ရစ် ရစ်ဖွင့်လာသည်။ ဒါကိုကလေးတွေကပျော်နေသည်၊ သူတို့လဲစက်ထဲကလိုလိုက်ရီကြသည် မရယ်နိုင်သူကတော့ မညွန့်ခင်ဖြစ်သည် သောက်ချီးရက်လေးတွေ ပထွေးရယ်သာကိုသဘောကျနေ ဟိုမောင်ချောသောက်ချီးစား ငါ့နွားတွေယူမသွားနဲ့ဆိုတာမရဘူး ခုနွားတွေဘယ်တောလိုက်ထဲ့လို့ထဲ့ရမညောင်းမသိဘူး ဒါကိုမောင်ချောနှင့် ဆန်းဝင်းက မကြား … Fortsätt läsa

Publicerat i Uncategorized | Lämna en kommentar

ကျနော့ညီလေး(မောင်မျိုး)

ယခုလို ၀ါဆို ၀ါခေါင်လ ရောက်တိုင်းကျနော်တို့အညာဒေသရဲ့ ကျနော်တို့ကျေးရွာက ကျနော်တို့ မိသားစုထဲက ကျနော့ညီလေး(မောင်မျိုး)နဲ့ အတိတ်ကအကြောင်းရာတွေကို သတိရနေမိပါသည် သတိရတိုင်းလည်း ကျနော့ရင်မှာ နာကျင်စွာခံစားနေရပါသည် လူတဦး တယောက်သေဆုံးရတာ ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးသွားရတာတို့ဟာ တရားသဘောနဲ့ဆန်းစစ်ကြည့်လိုက်တော့ အဆန်းပြား တော့ မဟုတ်ပါဘူးပေါ့..ပျက်ချိန်တန်က ပျက်ရ သေချိန်တန်က သေကြရမည်ဆိုသည် သင်္ခါရသဘေားတရာကိုလည်း ကျနော်နားလည်ပါသည် သို့သော်လည်း ကျနော့်ညီလေး မောင်မျိုး အသေစောရသည်ကတော့ မသေသင့်သေးပါဘဲနှင့်သေဆုံးရသည်ဟုထင်မြင်မိပါသည်… (ကျေးလက်ပြည်သူများ၏ဘ၀) ၀ါထပ်သည့်နှစ်များဆိုလျှင် ကျနော်တို့ အညာဒေသတွေမှာ မိုးခေါင်တက်ပါသည် ကျနော့ညီလေးသေဆုံးသော နှစ်ကလည်းမိုးခေါင်သောနှစ်ပေါ့ မိုးခေါင်တော့ တောင်သူလယ်ယာသမားတွေ အသီးနှံမရကြပါ … Fortsätt läsa

Publicerat i Uncategorized | Lämna en kommentar

Publicerat i Uncategorized | Lämna en kommentar

2

– 1 – Aကို ရဲ့ strick မှာ က color မပြောင်းတာလား …….. ကျွန်တော် strick မှာ virus ကသေပြီးတော့ Aရောင်မပြောင်းတာပါ… ဒီလိုလေးလုပ်ပါ ” Aဲ့လို format မလုပ်လဲရပါတယ်..Aရင်ဆုံး Stick ကိုAရင်ဆုံးဖွင့်လိုက်ပါ.. ပြီးရင် Tools ထဲက Folder Options ထဲကိုဝင်ပါ။ ပြီးရင် Show hidden Files and Folders ကို ရွေးပေးပါ။ ပြီးလျှင် … Fortsätt läsa

Publicerat i Uncategorized | Lämna en kommentar

မီနူးပါသော တမ်းပလတ်ပြင်နည်း

1. Backup your template 2. Login to blogger > Layout > Edit HTML Open Expand Widget Templates box 3. Find and Put the following coding (Green) between a img { border-width:0; } [ Menu CSS Here ] /* Header ———————————————– … Fortsätt läsa

Publicerat i Uncategorized | Lämna en kommentar